Connect with us

Environment, Disasters & Accidents

နိမ့်ကျသွားသော ဆွာချောင်းတံတားအတွက် ယာယီဘေလီ တံတားထိုး

ဆွာချောင်းတံတား ယာယီဘေလီ တံတားထိုးနေစဉ်(ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်-နေပြည်တော် အမြန်လမ်းအပိုင်းရှိ နိမ့်ကျသွားသော ဆွာချောင်းတံတားအတွက် ယာယီဘေလီ တံတားထိုးလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ယာယီဘေလီ တံတားထိုးမှုကို ယနေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ဘေလီ သံဘောင်များ စတင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းအပိုင်း ဆွာချောင်းတံတား ယာယီဘေလီသံဘောင် တပ်ဆင်ခြင်းလုပ်ငန်းများအား စက်ယန္တရားများ၊ ကျွမ်းကျင်လုပ်သားများဖြင့် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

နေပြည်တော်ဘက်(အပြန်လမ်းဘက်ခြမ်း) တံတားချဉ်းကပ်လမ်းကြံ့ခိုင်စေရန်အတွက်လည်း တပ်မတော်သားများအကူအညီဖြင့် ကျောက်ကြီးများဖြည့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.