Environment, Disasters & Accidents
တိုက်ကြီး မြို့နယ် သပြု သစ်တော ကြိုးဝိုင်း အနီးရှိ ကြံစိုက်ခင်း များအား တောဆင်ရိုင်းများ ဝင်ရောက် ဖျက်ဆီး

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)
တိုက်ကြီးမြို့နယ် ကွမ်းသီးမြောင်ကျေးရွာ၏ အနောက်ဘက် သပြုသစ်တော ကြိုးဝိုင်း အနီးရှိ ကြံစိုက်ခင်း များအား တောဆင်ရိုင်းများက စက်တင်ဘာ ၅ ရက်တွင် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ထိုကဲ့သို့တောဆင်ရိုင်းများ ဝင်ရောက် ဖျက်ဆီးမှုကြောင့် ကြံခင်း ၄ ဧကခန့် ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း ၊ ၎င်းကြံစိုက်ခင်း အနီးဝန်းကျင်၌ တောဆင်ရိုင်း ၄ ကောင် ရှိနေသေးသဖြင့် ဖလုံ ဘူတာ ကျေးရွာရှိ မြိုင်ဟေဝန် ဆင်စခန်းမှ တာဝန်ရှိသူများအား ဆက်သွယ်ထားရှိကြောင်း သိရသည်။(Xinhua)