Environment, Disasters & Accidents
တိုင်းဒေသကြီး နှင့် ပြည်နယ် များ တွင် အချိန်အခါမဟုတ်မိုးရွာခြင်း နှင့် အတူ လေပြင်းများတိုက်ခတ်ခြင်း၊မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ဧပြီ ၁၃ ရက် မှ ၁၅ ရက်အတွင်း အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ် များ တွင် အချိန်အခါမဟုတ်မိုးရွာခြင်း နှင့် အတူ
လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးေကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြား ရေးမှူးဦးလှထွန်းက ဆင်ဟွာကို ဧပြီ ၁၁ ရက် တွင် ပြောသည်။ ဦးလှထွန်းက “ဒီအချိန်ရွာတဲ့ မိုးတွေ က မိုးရွာတာတင်မဟုတ် လေပြင်းတိုက်၊ မိုးထစ်ချုန်းနဲ့ မိုးကြိုးပစ်တာတွေ ပါ ပါလာတယ်။ အဲ့ဒါ ကြောင့် ပြည်သူတွေ သတိပြု နိုင်ဖို့ အတွက် ကျွန်တော်တို့ ဌာန က သတင်းစဉ်ဆက်မပြတ်ထုတ်ပြန်ပေးနေပါတယ်။ ဟိုတစ်နေ့ က ကသာဘက်မှာ အချိန်အခါ မဟုတ်မိုးရွာပြီး မိုးကြိုးပစ်ခံရပြီး လူသေသွားတာ ရှိတယ်။ ဒါကြောင့် ဒီအချိန် ရွာတဲ့မိုးတွေကို အထူးဂရုပြုသင့်ပါတယ်’’ ဟုပြောသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ (Xinhua)