Connect with us

Environment, Disasters & Accidents

တောင်ငူမြို့နယ်တွင်စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းနဘေး နေထိုင်သည့် နေအိမ်များ ရေဝင်ရောက်မှု ဖြစ်ပေါ်

တောင်ငူမြို့ နယ်ရှိ ကျေးရွာ တစ်ခုတွင် ရေများဝင်လာမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

စစ်တောင်းမြစ်ရေတိုးလာမှုကြောင့် တောင်ငူမြို့နယ်အတွင်း မြစ်ကမ်းနဘေး နေထိုင်သည့် နေအိမ်များ ရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တောင်ငူမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန် တိုင်းထွက်ချက်အရ စစ်တောင်းမြစ်ရေ သည်စိုးရိမ်ရေ အမှတ် ၅၈၇ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ ရောက်ရှိလာနိုင်ကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တောင်ငူမြို့နယ်တွင် နှစ်ရက်အတွင်း စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်း နေရာများဖြစ်သည့် အလယ်ကျွန်းကျေးရွာတွင် မြစ်ရေများ အချိန်ပိုင်းအတွင်း တိုးလာမှုကြောင့် ကျေးရွာနေပြည်သူများ အနေဖြင့် နေထိုင်ရေး၊ စားဝတ်နေရေးနှင့် သောက်သုံးရေ အခက်အခဲများ ရှိနေပြီး ညအချိန်အတွင်း မြွေအန္တရာယ်များလည်း ရှိနေသဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။ ယင်းအပြင် နေအိမ်အောက်ထပ်အတွင်း ရေများဝင်ရောက်မှုကြောင့် သက်ကြီးရွယ်အိုများ အနေဖြင့် သွားရေးလာရေး အခက်အခဲများ ရှိနေကြောင်း ကျေးရွာနေပြည်သူများ ပြောကြားချက်အရ သိရသည်။

အဆိုပါကျေးရွာအတွင်း အိမ်ခြေ ၃၄၀ ရှိရာ အလယ်ကျွန်းတောင်ပိုင်းရှိ အိမ်ခြေ ၁၉၀ ရှိသည့် အနက် အိမ်ခြေ ၅၀ ကျော် ရေနစ်မြုပ်လျက်ရှိနေပြီး နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေးနှင့် သောက်သုံးရေ အခက်အခဲများစွာရှိနေကြောင်း နှင့် ယနေ့ နံနက်ပိုင်းထိ လူမှုထောက်ပံ့များ မရှိသေးကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.