Environment, Disasters & Accidents
တောင်တွင်းကြီးမြို့အနီး ဗဟိုပြု၍ အင်းအား ၄.၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၏ အနောက်တောင်ဘက် (၄၁) မိုင်ခန့်အကွာ၊
နေပြည်တော်မြို့နယ်၊ တပ်ကုန်းမြို့၏ အနောက်ဘက် မိုင် (၁၈)ခန့်အကွာတွင် မြောက်လတ္တီတွဒ် (၁၉.၆၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၂)ဒီဂရီ၊ အနက် (၃၂)ကီလိုမီတာ၌ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ထိုငလျင်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၁၈)မိနစ်၊ (၃၆)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။ (Xinhua)