Environment, Disasters & Accidents
တောင်ဒဂုံမြို့နယ်စားသောက်ဆိုင်မီးလောင်မှုတွင် လူ ၅ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်အတွင်းရှိ အကွီစားသောက်ဆိုင်တွင်ဇန်နဝါရီလ ၂၁ ရက်နံနက် ၀၄း၃၅အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးခိုးမွှန်၍ လူ ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်သိန်းကြည်က ဆင်ဟွာကိုပြောသည်။
ဒေါ်သိန်းကြည်က “စားသောက်ဆိုင် ချက်ပြုတ်ခန်းအတွင်းမှာ ဂက်စ်အိုးယိုစိမ့်ပြီးတော့ ပြန့်နှံ့နေတာ။ မီးကြွင်းမီးကျန်နဲ့တွေ့ပြီး မီးလောင်သွားတာဖြစ်တယ်။ အိပ်နေတဲ့ သူ၅ယောက်က မီးခိုးမွှန်ပြီး သေဆုံးသွားခဲ့ကြတာပါ။ ကျောကုန်းနဲ့ လက်မှာ ဒဏ်ရာရတဲ့ တစ်ယောက်ကို သင်္ဃန်းကျွန်းဆေးရုံကို ပို့ထားပါတယ်’’ ဟုပြောခဲ့သည်။၀၄း၃၅အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ် ၁၈ရပ်ကွက် မောင်းမကန်လမ်းနှင့် စည်ပင်လမ်းထောင့်တွင် အကွီစားသောက်ဆိုင်တွင်စတင်မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် Level 1 ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၄း၄၀ နာရီ မီးထိန်းနိုင်ခဲ့ကာ နံနက် ၅း၀၅ နာရီတွင် မီးငြိမ်းကြောင်းသတင်းရရှိပါသည်။အဆိုပါမီးလောင်မှု နှင့် ပတ်သက်၍ တောင်ဒဂုန်ရဲစခန်းတွင် ပ-၇၅/၂၀၁၇ ၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ (Xinhua)