Connect with us

Environment, Disasters & Accidents

တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်ဆောင်ရွက်နေစဉ် လုပ်သားတစ်ဦး မြေပြိုပိမိသဖြင့် သေဆုံး

ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ--ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်ဆောင်ရွက်နေစဉ် လုပ်သားနှစ်ဦး မြေပြိုပိမိသဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မေလ ၃ ရက်နေ့ နံနက် ၁၁း၅၀နာရီအချိန်တွင် တွံတေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ တွံတေးမြို့နယ်၊ အိုးဖိုအနောက်ရပ်ကွက်၊ ကမ်းနားပိုင်းရှိ တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်ဆောင်ရွက်နေစဉ် မြေပြိုကျ၍ အမျိုးသားနှစ်ဦး ပိမိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ပိုင်ရိုက်၊ သဲဖို့သော အလုပ်အားလုပ်ကိုင်နေသူ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ လယ်ပတောကျေးရွာအုပ်စု၊ အလယ်ဦးစုကျေးရွာနေ ကိုကျော်နိုင်ဝင်း၊ (၃၀)နှစ်နှင့် တွံတေး

မြို့နယ်နေ ကိုကျော်သူအောင်၊ (၂၄)နှစ်တို့မှာ အမြင့် ၁၀ပေခန့်ရှိ၏မြေများပြိုကျ ပိမိခဲ့သဖြင့် ကိုကျော်နိုင်ဝင်း၏ ခန္ဓာကိုယ်၌ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုကျော်သူအောင်တွင်လည်း ဝမ်းဗိုက်ရောင်ရမ်းဒဏ်ရာ

ရရှိကာ တွံတေးပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ လွဲှပြောင်း၍ ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.