Connect with us

Environment, Disasters & Accidents

ထူးခြားမိုးလေဝသဖြစ်စဉ် မိုးဇလထုတ်ပြန်

မိုးဇလခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၇.၄.၂၀၁၈) ရက်နေ့မှ (၁၀.၄.၂၀၁၈) ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် နေရာကျဲကျဲ နှင့် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း ထူးခြားမိုးလေဝသအခြေအနေ အားမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ် ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.