Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး အင်အား ရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ မြေငလျင် လှုပ်ရှား

မြေငလျင် လှုပ်ရှားသွားခဲ့သည့် တည်နေရာပြ မြေပုံအား တွေ့ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မြစ်ကြီးနားမြို့အနီး လှုပ်ခတ်ခဲ့ခြင်း ဖြစ်သောကြောင့် သိရှိ ခံစားမိသည့် အဆင့် ရှိကြောင်း ၊ ထိခိုက် ပျက်စီးမှု အခြေအနေ သတင်း ရရှိခြင်း မရှိကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြစ်ကြီးနားမြို့၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၅.၂၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၃၂)ဒီဂရီ၊ အနက် (၁၅)ကီလို မီတာကို ဗဟိုပြု၍ ယနေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၁၀)မိနစ် (၁၉)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)