Environment, Disasters & Accidents
ထူးခြားမြစ်ရေ (၂) ရက်အတွင်း(၅-ပေ)ခန့် ပြန်လည်ကျဆင်းခဲ့
ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက ် (ဆင်ဟွာ)
ဧရာဝတီမြစ်ရေသည် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မြစ်ကြီးနားမြို့၌(၁၆) နာရီအတွင်း (၁၂)ပေခန့်မြင့်တက်ခဲ့ပြီး (၂၄.၂.၂၀၁၆) ရက်နေ့(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်အရ (၂) ရက်အတွင်း(၅-ပေ)ခန့် ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါမြစ်ရေသည် ဗန်းမော်မြို့တွင် (၂) ရက်အတွင်း (၈) ပေခန့်နှင့် ကသာမြို့တွင် (၁) ရက်အတွင်း (၃)ပေခန့်မြင့်တက်ခဲ့သည်ကို တွေ့ရှိရ ပါသည်။ ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သောမြစ်ရေများသည် နောက်(၁)ရက်မှ (၂) ရက်အ တွင်း ကသာမြို့တွင်(၅)ပေခန့် ၊ နောက် (၂) ရက်မှ (၄) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် (၅)ပေမှ (၆)ပေခန့်နှင့် နောက်(၅)ရက်မှ (၁၀) ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေမှ (၅)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
မြစ်ကြောင်းများအတွင်း သွားလာနေကြမည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများ အနေဖြင့် လည်း မြစ်ရေရုတ်တရက်တိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အကြံပြုချက်ထုတ်ပြန်ထားသည်။ (Xinhua)