Connect with us

Environment, Disasters & Accidents

တိုးမြစ် ရေပေးဝေရေး စီမံကိန်းများ အကောင်အထည် ဖော်ပြီးစီးပါက ရန်ကုန်မြို့သို့ ဇုန်နယ်မြေ ၁ဝ ခု သတ်မှတ် ကာ တစ်နေ့လျှင် ဂါလန် သန်း ၅ဝဝ ကျော် ပေးဝေသွားမည်

ရန်ကုန်မြို့သို့ လက်ရှိရေဖြန့်ဝေပေးနေသော ရေပေးဝေရေးစခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

၂ဝ၄ဝ ပြည့်နှစ်အတွက် ရည်မှန်းကာ လတ်တလောတွင် ဆောင်ရွက်လျက် ရှိသည့် လဂွန်းပြင် ရေပေးေ ဝရေး စီမံကိန်း၊ ကုက္ကိုဝ၊ ပန်းလှိုင်နှင့် တိုးမြစ် ရေပေးဝေရေး စီမံကိန်းများ အကောင်အထည် ဖော်ပြီးစီးပါက ရန်ကုန်မြို့သို့ ဇုန်နယ်မြေ ၁ဝ ခု သတ်မှတ် ကာ တစ်နေ့လျှင် ဂါလန် သန်း ၅ဝဝ ကျော် ပေးဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းရေး)ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ စီမံကိန်းများအား အဆင့်သုံးဆင့် ပြုလုပ်ကာ ဆောင်ရွက်နေပြီး လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း ပြီးစီးပါက တစ်ရက်လျှင် ရေဂါလန် သန်း ၄ဝ၊ ကုက္ကိုဝ မြစ်ရေပေးဝေရေး စီမံကိန်းပြီးစီးပါက တစ်ရက်လျှင် ရေဂါလန် သန်း ၂၄ဝ၊ တိုးမြစ် ရေပေးဝေရေး စီမံကိန်းပြီးစီးပါက တစ်ရက်လျှင် ရေဂါ လန်သန်း ၁၈ဝ နှင့် ပန်းလှိုင်မြစ် ရေပေးဝေရေး စီမံကိန်း ပြီးစီးပါက တစ်ရက်လျှင် ရေဂါလန် သန်း ၅ဝ မှ သန်း ၁ဝဝ ကြားပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းအား ပထမအဆင့်၊ ဒုတိယအဆင့် နှင့် တတိယအဆင့် ဟူ၍ ဆောင်ရွက်လျက် ရှိရာတွင် အဆင့်တစ်ဆင့် ပြီးစီးပါက သတ်မှတ်ဇုန် အလိုက် ရေများဖြန့်ဝေ ပေးသွားမည် ဖြစ်ကာ လေးခုစလုံး ပြီးစီးပါက ဇုန် ၁ဝ ခုအား ရေဖြန့်ဝေ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ တစ်နေ့လျှင် ရေဂါလန် ၂ဝ၅ သန်းသာ ဖြန့်ဖြူးပေး နိုင်ကြောင်း မြဝတီသတင်းတွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.