Environment, Disasters & Accidents
ဒလမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့သော်လည်း လူ နှင့် တိရိစ္ဆာန်များထိခိုက်မှုမရှိ

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
ဒလမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာ သွန်းပြီး လေပြင်း တိုက်ခတ်ခဲ့သော်လည်း လူနှင့်တိရိစ္ဆာန်များ သေကျေ ပျက်စီးမှုနှင့် ထိခိုက်မှု မရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဧပြီ ၁၄ ရက်နေ့ ည ၆ နာရီခွဲ အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာ သွန်းပြီး လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်၊ ဒလမြို့နယ် ပျော်ဘွယ်ကြီး စံပြကျေးရွာ ရှိ ပျော်ဘွယ်ကြီး တိုက်နယ် ဆေးရုံ အမိုးများ၊ ပင်မဆောင် နှင့် ခွဲစိတ်ဆောင် မှ အမိုးသွပ် များ လန်သွားပြီး ထုပ်၊ ယောက်၊ ဒိုင်၊ မြှားများ ပျက်စီး၍ ခဲ့ကြောင်းသိရသည်။
ထိုသို့ မိုးများရွာသွန်းပြီး လေပြင်း ထပ်မံတိုက်ခတ်မှုကြောင့် ပျော်ဘွယ်ကြီးကျေး ရွာ အတွင်းရှိ သာယာစုရပ်ကွက်ပိုင်း၌ နေအိမ်တစ်လုံး အမိုးများ ပျက်စီး သွားခြင်း၊ သစ်ကိုင်များ ကျိုးကျခြင်း၊ သမ္ဘာန်ချောင်းကျေးရွာ အခြေခံပညာ မူလတန်း လွန်းကျောင်း (အ.လ.က) ခွဲကျောင်း၏ ကျောင်းခြံစည်းရိုး ပြိုလဲ ပျက်စီးဆုံးရှုံးခဲ့ ကြောင်းလည်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)