Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် ကိုကိုးကျွန်း၏ အနောက်၊ အနောက်တောင်ဘက် နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေ

မုန်တိုင်းဝင်နိုင်မည့် နေရာပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်း လာကာ မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက် တောင်ဘက်မိုင် (၂၅၀) ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၃၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းဌာန မှ သတင်းထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သတင်းထုတ်ပြန် ချက်ထဲတွင် ပါရှိသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အနေဖြင့် အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၃.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.