Connect with us

Environment, Disasters & Accidents

နေပြည်တော်မြို့ အနီးတွင် လှုပ်ရှားခဲ့သည့်ငလျင် ပျက်စီးမှုအနည်းငယ်ရှိ

# နေပြည်တော်မြို့ နှင့် #အနီးတွင် ဗဟိုပြုလှုပ်ရှားခဲ့သည့် #ငလျင် #အပျက်အစီးရှိသလား #ဆင်ဟွာ

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

နေပြည်တော်မြို့ အနီးတွင် ဗဟိုပြုလှုပ်ရှားခဲ့သည့် အတွက် နေပြည်တော် တွင် ငလျင်လှုပ်ရှားမှုအား ခံစားခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိ ကြောင်း၊ လူနှင့် တိရစ္ဆာန် သေဆုံးပျက်စီးမှု မကြားမိသေးကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော် က ဆင်ဟွာကိုပြောသည်။

ဦးထွန်းလင်းကျော် က “ဗဟိုချက်က နေပြည်တော်နား အနီးတစ်ဝိုက်မှာ ဖြစ်သွားတယ်။ နေပြည်တော်နဲ့ ဗဟိုချက်ကလည်း တအားနီးတယ်။ အင်အားကလည်း ၅.၅ ဆိုတော့ အင်အား အသင့်အတင့်ပေါ့။ အနက်က ၁၀ကီလိုမီတာလောက်ဆိုတော့ ဒါကြောင့်အပျက်အစီးအနည်းငယ် ရှိသွားတာပေါ့။ ကျန်းမာရေးဆေးပေးခန်းတစ်ခုရဲ့ ၁၃ ပေလောက်ရှိတဲ့ အုတ်နံရံလေးကပြိုကျသွားတယ်ပေါ့။ ထီးတော်မြေခတာရှိတယ်။ လူတိရစ္ဆာန်ပျက်စီးမှုကတော့ ခုထိသတင်းမရပါဘူး။’’ ဟု ဆင်ဟွာကိုပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂)မိုင်ခန့် ကွာဝေးသော မြောက်လတ္တီတွဒ် (၁၉.၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး(၅.၅)အဆင့်ရှိ အင်းအား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ငလျင်ဗဟိုချက်၏ အနီးအဝေး၊ ငလျင် ၏ ပြင်းအား နှင့် ငလျင် ၏ အနက်ပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ကြောင်း၊ အဆောက်အဦများ နှင့် လူနေထူထပ်သည့် နေရာဆိုပါက အင်အားနည်းသော်လည်း အပျက်အစီးရှိနိုင်ကြောင်း သိရသည်။လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက “စိန်ဖူးတော် တစ်ခု မြေခခဲ့တယ်။ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ နံရံပြိုကျခဲ့တယ်’’ ဟုဆင်ဟွာကိုပြောသည်။

ပျက်စီးဆုံးရှုံးမှု စာရင်းအတည်အကျအားလူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြသွားမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် က ဆင်ဟွာကိုပြောသည်။

၎င်းငလျင်လှုပ်ရှားမှုအားနေပြည်တော်တွင် လူအများစုခံစားမိခဲ့ကြကြောင်း သိရသည်။နေပြည်တော်တွင် နေထိုင်သည့် ဒေါ်ခေးခေးက “ငလျင်လှုပ်တာ တိုက်ပေါ်လေယာဉ်ပျက်ကျတယ်လို့တောင် ထင်လိုက်မိတယ်။ အရမ်းကြမ်းတာပဲ’’ ဟု မိုးဇလ ၏ ဖေ့ဘွတ်စာမျက်နှာကို မှတ်ချက်ရေးသားထားသည်ကို တွေ့ရသည်။နေပြည်တော်တွင် နေထိုင်သူ ဒေါ်လင်းလင်းက “ကျွန်မတို့ဆိုတိုက်ပေါ်က ပြေးဆင်းရပါတယ်။ အရမ်းကြောက်စရာ ကောင်းပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.