Connect with us

Environment, Disasters & Accidents

မန္တလေး တိုင်းဒေသကြီး အတွင်း ကမ်းပြို ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်မှုများ ဧပြီလတွင် ပြီးစီးမည်

မန္တလေး တိုင်းဒေသကြီး အတွင်း ကမ်းပြို ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၇ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ကမ်းပြိုမှု ကာကွယ်ပေးနိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ငွေကျပ် ၄၁.၈၇ ဘီလီယံ သုံးစွဲ၍ နေရာ ၁၉ ခုတွင် ဆောင်ရွက် လျက်ရှိရာ ဧပြီလတွင် လုပ်ငန်းများ ပြီးစီးမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေ ရင်း ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ၁၂ ခု၊ ဖြည့်စွက် ရန်ပုံငွေဖြင့် လုပ်ငန်းခြောက်ခု နှင့် သဘာဝဘေးရန်ပုံငွေဖြင့် လုပ်ငန်း တစ်ခုတို့ကိုဆောင်ရွက်နေပြီး ဖေဖော်ဝါရီ လကုန် တွင် အချို့သောလုပ်ငန်းများမှာ ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးကာ အချို့မှာ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထိုလုပ်ငန်း ၁၉ ခု အနက် ဌာန မှ ကိုးခုနှင့် ပြင်ပကုမ္ပဏီများမှ ၁ဝ ခုတို့ကို အမရပူရ၊ မတ္တရာ၊ စဉ့်ကူး၊ ငါန်းဇွန်၊ မြင်းခြံ၊ တံတားဦး၊ ညောင်ဦးမြို့နယ်များ တွင်ဆောင်ရွက်နေကြောင်းနှင့် ကာကွယ် ရေးလုပ်ငန်းများတွင် ကွန်ကရစ်အခြေ ပြုကျောက်စီခြင်း၊ Steel Basket အခြေပြုကျောက်စီခြင်း၊ ကျောက်ဖြည့် မျောဂရစ်တန်း၊ မျောတိုင်တန်းကျောက် ဖြည့်ရေကာစသည့် နည်းလမ်းများ အသုံး ပြုကြောင်း သိရသည်။

ကမ်းပြိုရသည့် အကြောင်းရင်း များမှာ လူသားတို့ အပြုအမူကြောင့် သစ်တောပြုန်းတီးရာမှ မြေဆီလွှာများ မြစ်ထဲ ရောက်ရှိကာ အနည်အနှစ်ကျခြင်း၊ မြစ်၏ရေဝေရေလဲဒေသများတွင် စည်းကမ်းမဲ့ ရွှေသတ္တု တူးမှုမှ အနည်များမြစ်ထဲ ကျရောက်ခြင်းနှင့် ရာသီဥတုဖောက်ပြန် မှုကြောင့် ထူးခြားမြစ်ရေတက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.