Connect with us

Environment, Disasters & Accidents

ပဲခူး တိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါး စိုက်ဧက ၁ သိန်းကျော် ပျက်စီး

ပဲခူး တိုင်းဒေသကြီး ညောင်လေးပင် မြို့ နယ်၌ ပြည်ထောင်စုဝန်ကြီး နှင့် ကျေးရွာများမှ တောင်သူ လယ်သမား များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ ဆွေးနွေးစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

ပဲခူး တိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မိုးစပါး စိုက်ကွင်းများ ရေလွှမ်း ထိခိုက်ခဲ့ ရသဖြင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)တွင် ၅၅,၁၃၂ ဧက နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)တွင် ၅၀,၈၄၃ ဧက ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

သြဂုတ်(၂)ရက်အထိ စာရင်းများအရ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)၌ ဧက ၄၈၈,၆၆၀ ရေလွှမ်းခံခဲ့ရမှုတွင် ဧက ၁၆၄,၁၅၀ ပြန်ပေါ် လာပြီး ၊ ၅၅,၁၃၂ ဧက ပျက်စီးခဲ့ကာ ဧက ၃၂၄,၅၁၀ ရေလွှမ်းခံ ထားရဆဲ ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၌ ဧက ၁၀၅,၂၇၁ ရေလွှမ်း ခံခဲ့ရပြီး ၊ ၅၀,၈၄၃ ဧက ပျက်စီးခဲ့ကာ ၃၉,၁၉၈ ဧက ပြန်လည် စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရေများ ကျဆင်း သွားပါက ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စက်ကိရိယာများ အသုံးပြုထွန်ယက်နိုင်ရေး၊ မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေးနှင့် နည်းပညာအကူအညီ ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများက အသင့်အနေအထားဖြင့် ပြင်ဆင်ပြီး ဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး ညောင်လေးပင် နှင့် က၀ မြို့နယ်များသို့သွားရောက်ခဲ့ရာတွင် ပြောကြားခဲ့သည်။

ထို့အတူ ရေရှည်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းကော မြောင်းကောများ တူးဖော်ပေးနိုင်ရေး၊ ရေတားတာများနှင့် လိုအပ်သည့် နေရာများတွင် ရေတံခါး တပ်ဆင် ပေးနိုင်ရေး တို့အတွက် ကျွမ်းကျင် အင်ဂျင်နီယာများက မြေပြင် ကွင်းဆင်း တွက်ချက်ပြီး သက်ဆိုင်ရာသို့ တင်ပြကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.