Environment, Disasters & Accidents
ဖားကန့်မြို့နယ်၌ မြေသားပြိုကျမှုကြောင့် ဒီဇယ်လှောင်ကန် ၄ ခုနှင့်အလုပ်ရုံ တဲ ၁ လုံးပျက်စီးမှုဖြစ်ပွား
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
ဖားကန့်မြို့နယ်၌ မြေသားပြိုကျမှုကြောင့် ဒီဇယ်လှောင်ကန် ၄ ခုနှင့်အလုပ်ရုံ တဲ ၁ လုံးပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ၂၃း၄၅ နာရီ အချိန် ဖားကန့်မြို့နယ်၊ ဗလခကျေးရွာအနီး နိုင်ငံတော် နှင့် အကျိုးတူ ဂျိတ်ပါဝါ ကုမ္ပဏီလုပ်ကွက်၌ အလျား ၃၀၀ ပေ အနက် ၁၅၀ ပေခန့်ရှိ ကျင်းအတွင်းသို့ မြေစာများလျောကျခဲ့ရာ ၎င်းနေရာနှင့်ဆက်စပ်လျက်ရှိသည့် စိမ်းရောင်ကျောက်မျက်ကုမ္ပဏီပိုင် သံဖြင့် ပြုလုပ်ထားသည့် ဒီဇယ် အပြည့်ပါ ဂါလံ ၆၀၀၀ ဆံ့ ဆီလှောင်ကန် ၂ ခု၊ ဒီဇယ်မပါ ဂါလံ ၆၀၀ ဆံ့ဆီ လှောင်ကန် ၁ ခုနှင့် အလုပ်ရုံတဲ ၁ လုံး၊ စိန်မင်းကျောက်မျက်ကုမ္ပဏီပိုင် ဒီဇယ်မပါ ဂါလံ ၆၀၀ ဆံ့ဆီ လှောင်ကန် ၁ ခုတို့ မြေစာများနှင့်အတူလျောပါဖုံးအုပ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းနှင့် မတ်လ ၂၆ ရက်နေ့ ဝရး၃၀ နာရီ အချိန် ဘတ်ဟိုးယာဉ် ၉ စီးဖြင့် ပြန်လည်ဆယ်တင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)