Connect with us

Environment, Disasters & Accidents

ကျောက်တော်မြို့နယ်၌ စက်လှေ ၂ စီး တိုက်မိမှုဖြစ်ပွား၊ တစ်ဦးသေဆုံး

ကျောက်တော်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ စက်လှေ ၂ စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ၁၅း၃၀နာရီ အချိန် ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာ ရွာလယ်ဇရပ်အနီး တူးမြောင်းချောင်းအတွင်း၌ ကျောက်တော်မှ မြောက်ဦးသို့ အောင်သိန်းမောင် (၄၀) နှစ်မောင်းနှင်ပြီး ဦးကျော်သာ လိုက်ပါလာသည့် ဟွန်ဒါစက်တပ်လှေငယ်နှင့် ဦးလှလှအောင်(၃၀)နှစ် မောင်းနှင်ပြီး ခရီးသည် ၅ ဦး လိုက်ပါလာသည့် ဟွန်ဒါစက်တပ်လှေငယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ ရာ အဆိုပါစက်လှေ ၂ စီး ဝင်တိုက်မှုကြောင့် အောင်သိန်းမောင်မှာ ရေထဲသို့ ပြုတ်ကျသွားပြီး စက်လှေ ပန်ကာဖြင့် ရိုက်မိကာ ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ တွင် သေဆုံးသွားသဖြင့် အပေါက်ဝ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်ခရီးသည်များမှာ ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်းနှင့် ဦးလှလှအောင်မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၁၈း၅၀နာရီ တွင် ဦးလှလှအောင် အား အပေါက်ဝနယ်မြေ ရဲစခန်း (ပ)၁၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၀ (ပေါ့လျော့မှု ကြောင့် လူသေမှု/ ရေယာဉ်အား အရမ်းဦးစီးသွားလာစေမှု)ဖြင့် အမှုဖွင့်စုံစမ်း လျက်ရှိကြောင်း သတင်းရရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.