Environment, Disasters & Accidents
ဖားကန့် မြို့နယ်၌ မြေစာပုံ ပြိုကျရာတွင် ရေမဆေးကျောက် ရှာဖွေသူ ၂၀ ဦးခန့် ပါဝင်သွား
ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)
ဖားကန့် မြို့နယ်၌ စုပေါင်း မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ရာတွင် ရေမဆေးကျောက် ရှာဖွေသူ ခန့်မှန်း ၂၀ ဦးခန့် ပါဝင်သွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြေစာပြိုကျချိန်သည် ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်း အချိန် ဖြစ်သည့် အတွက် အခင်းဖြစ်နေရာတွင် ထပ်မံ၍ မြေစာလျောကျနိုင်ခြေရှိခြင်း၊ ညအချိန်တွင် မြင်ကွင်းကန့် သတ်ချက်ရှိခြင်းကြောင့် ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီတွင် စတင်ရှာဖွေရန် စီမံဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦး အား ဖားကန့်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။
ထိုဖြစ်ရပ်၌ဖားကန့် မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နှင့် လုံးခင်းကျေးရွာအုပ်စု နယ်နိမိတ် အစပ်ရှိ ကမ်ခမ် စုပေါင်း မြေစာပုံတွင် အမြင့်ပေ ၄၀၀ ခန့်မှ မြေစာလျောကျမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ရေမဆေး ကျောက် ရှာဖွေသူခန့်မှန်း ၂၀ ဦးခန့်နှင့် ကျောက်စိမ်း နန်းတော် ကုမ္ပဏီမှ မြေစာစွန့်ပစ်နေသော မြေသယ်ယာဉ် ၁ စီး မြေစာလျောကျမှုတွင်ပါသွားကြောင်းသိရသည်။(Xinhua)