Connect with us

Environment, Disasters & Accidents

နေပြည်တော်မြိ့ု၏ အနောက်ဘက် ၁၄ မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင် လှုပ်ခတ်

မြေငလျင် လှုပ်ရှားသွားသည့် တည်နေရာပြ မြေပုံအား တွေ့ရစဉ်(ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

နေပြည်တော်မြိ့ု၏ အနောက်ဘက် ၁၄ မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၃.၂အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ ဒီဇင်ဘာ ၂၈ ရက် ညပိုင်း အချိန်တွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။

မန္တလေး မြေငလျင် စခန်းမှ တောင်ဘက် ၁၅၄ မိုင်ခန့် ကွာဝေးသော ပြည်တွင်းနေရာကိုဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၉)နာရီ (၅၉)မိနစ် (၃၀)စက္ကန့်အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မြေငလျင် သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)