Environment, Disasters & Accidents
ဖားကန့် မြေစာပုံ ပြိုကျမှုကြောင့် လူအများအပြား မြေပိကာ လ ူ၁၂ ဦး သေဆုံး
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဖားကန့်ရှိ ဝေခါမှော် ကျေးရွာအနီး ယနေ့ နံနက် ၇ နာရီ၌ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ အများအပြား မြေပိကာ လူ ၁၂ ဦး သေဆုံးကြောင်း ကချင်ပြည်နယ်တွင် ကယ်ဆယ်ရေး လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဝေခါမှော် ကျေးရွာအနီးရှိ ရတနာဆင် ကုမ္ပဏီ၏ စွန့်ပစ် မြေစာပုံ ပြိုကျခဲ့ပြီး ယင်းမြေစာပုံအနီး အလုပ် လုပ်ကိုင်နေသော ရေမဆေးကျောက် လုပ်ကိုင်သူ ၁၀၀ ခန့် ရှိကြောင်း လက်တလော အလောင်း ၁၂ လောင်း ရှာဖွေ တွေ့ရှိထားကြောင်း ၎င်းကဆိုသည်။ (Xinhua)