Connect with us

Environment, Disasters & Accidents

ဖားကန့် မြေစာပုံ ပြိုကျမှု၌ လူ ၁၀၀ ခန့် မြေပိ ပျောက်ဆုံးနေဟုဆို

၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်း ဖားကန့် မြေစာပုံ ပြိုကျမှုကြောင့် ပျောက်ဆုံး နေသူများအား ရှာဖွေ နေကြစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဂွေခါမှော်ကျေးရွာရှိ ရတနာဆင် ကုမ္ဗဏီ၏ စွန့်ပစ်မြေဇာပုံ ပြိုကျမှုကြောင့် လူတစ်ရာခန့် မြေပိ ပျောက်ဆုံးနေကြောင်း ဖားကန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။

ရတနာဆင် ကုမ္ပဏီ၏ လုပ်ကွက် ရပ်နားချိန်၌ ရေမဆေးကျောက် ရှာဖွေသူများက ဝင်ရောက် တူးဖော်ပြီး ရေမဆေးကျောက်များ ရှာဖွေချိန် ယင်းမြေစာပုံပြိုကျခြင်း ဖြစ်ကြောင်း၊ လက်ရှိ အလောင်း ၁၃ လောင်း ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာသူ ၂၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။
“ ညက ပြိုကျတာ၊ အသက်ရှင်ရက် ပြန်တွေ့ဖို့ မလွယ်လောက်တော့ဘူး ပျောက်နေတဲ့ ၁၀၀ လုံး သေဆုံးရင်လဲ သေဆုံး နေနိုင်တယ်၊ အလောင်းကို စက်ယန္တရားတွေနဲ့ ဖော်တာမဟုတ်ပဲနဲ့ လူအားနဲ့ ရှာရတဲ့အတွက် အခက်အခဲရှိတယ်”ဟု ဖားကန့်ဒေသခံ ကယ်ဆယ်ရေး လုပ်ကိုင် နေသူ တစ်ဦးက ပြောသည်။
အဆိုပါ မြေစာပုံသည် မေလ ၂၃ ရက် ညပိုင်းက ပြိုကျခဲ့ပြီး ယင်းမြေစာပုံအတွင်း ပျောက်ဆုံးနေသော လူများကို ရှာဖွေရာ ယနေ့ နံနက်ပိုင်း ရှာဖွောရာ မြေအနည်းငယ် ပြိုကျမှုရှိသဖြင့် ရှာဖွေရာ၌ အနည်းငယ် အခက်အခဲရှိကြောင်း ၎င်းက ဆိုသည်။
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု ဘဇာန်ချောက် ကျေးရွာအနီး ကျောက်စိမ်း တူးဖော်သည့် တစ်သုံးလုံး ကုမ္ပဏီ လုပ်ကွက် ဧရိယာ ဝင်းအတွင်းတွင်လည်း ယခုလဆန်းပိုင်း၌ ကမ်းပါး ပြိုကျရာ မြေစာပုံ ပိ၍ လူ ၁၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဖားကန့် ဒေသအတွင်း စွန့်ပစ်မြေဇာပုံ ပြိုကျမှုကြောင့် ၂၀၁၅ ခုနှစ်အတွင်း ၂၀၀ ခန့် သေဆုံးခဲ့ပြီး ၂၀၁၅ နိုဝင်ဘာလ ၂၁ ရက်တွင် ပြိုကျသော မြေစာပုံကြောင့် လူသေဆုံးမှု အများဆုံးအဖြစ် လူ ၁၁၄ ဦး သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.