Environment, Disasters & Accidents
ဘီးလင်းမြို့နယ်အတွင်း စိုးရိမ်ရေမှတ်အောက်ရောက်ရှိ

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေသည် ယင်းမြစ်၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်သို့ ရောက်ရှိနေသည်ဟု ယနေ့ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် တိုင်းတာချက်အရ သိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆိုပါ မြစ်ရေသည် နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်းသိရသည်။ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ကြေညာထားကြောင်း သိရသည်။(Xinhua)