Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ ရေနံချောင်းမြို့နယ်တို့တွင် ရေဝင်ရောက်၍ စာသင်ကျောင်းတချို့ ခေတ္တပိတ်ထားရ

မကွေးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းရေဝင်ရောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ ရေနံချောင်းမြို့နယ်တို့တွင် မြစ်ရေဝင်ရောက်မှုများကျောင်း စာသင်ကျောင်းတချို့ ခေတ္တပိတ်ထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယအတွင်း သြဂုတ်လ ၈ ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျည်ပင်ခုံကျေးရွာပါ ၄ ရွာ တို့၌ ရေအနက် ၂/၃/၄ ပေခန့်ဝင်ရောက်၍ စာသင်ကျောင်း ၄ ကျောင်း ခေတ္တပိတ်ထားကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နွားမော့ကျေးရွာပါ ၁၃ ရွာတို့၌ ရေအနက် ၂ ပေခန့်ဝင်ရောက်၍ စာသင်ကျောင်း ၁၃ ကျောင်း ခေတ္တပိတ်ထားကြောင်း သိရသည်။

သြဂုတ်လ ၉ ရက်နေ့ ၁၀း၁၀နာရီ အချိန် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် မြောက်စုကျေးရွာပါ ၂ ရွာတို့၌ ရေအနက် ၁/၂ ပေခန့်ဝင်ရောက်၍ စာသင်ကျောင်း ၂ ကျောင်း ခေတ္တပိတ်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.