Connect with us

Environment, Disasters & Accidents

မင်းဘူးမြို့နယ်ရှိ ကျောက်မီးသွေးတွင်းအတွင်း၌ ဂတ်စ်အိုးပေါက်ကွဲရာမှ အလုပ်သမားများ ပိတ်မိနေမှုဖြစ်ပွားခဲ့

အလုပ်သမားများ ပိတ်မိနေမှုအား ကယ်ဆယ်နေစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မင်းဘူးမြို့နယ်ရှိ ကျောက်မီးသွေးတွင်းအတွင်း၌ ဂတ်စ်အိုးပေါက်ကွဲရာမှ အလုပ်သမားများ ပိတ်မိနေမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ၁၃း၀၀ နာရီ အချိန်၌ မင်းဘူးမြို့နယ်၊ ငဖဲ-ရွှေစက်တော် ကားလမ်းဘေး (၃)မိုင်ခန့်အကွာ ကျောက်တစ်လုံးမြေနီကွင်းရှိ ဟန်ထက်(၁) ကျောက်မီးသွေး ကုမ္ပဏီ ပိုင် ကျောက်မီးသွေးတွင်းမှ အလုပ်သမား (၁၀)ဦး(စိစစ်ဆဲ)သည် အနက်(၁၅၀)ပေ မှ (၃၀၀)ကြားရှိ မြေအောက်သို့ ကျောက်မီးသွေးတူးရန် ဆင်းသွားခဲ့ရာ ၁၄း၂၅နာရီ အချိန်တွင် (၄)ဦးသည် အပေါ်သို့ တက်လာပြီး မြေအောက်တွင် ဂက်(စ်)အိုး ပေါက်ကွဲသံကြားရပြီး ထွန်းထားသည့် လျှပ်စစ်မီးငြိမ်း သွားခဲ့ကြောင်း၊ မွန်းကြပ်လာသည့်အတွက် အပေါ်သို့တက်လာရခြင်းဖြစ်ကြောင်း ပြောကြားပြီး အသက်ရှုကြပ်၊ နဖူးပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)ရရှိသဖြင့် ငဖဲမြို့နယ်ပြည်သူ့ဆေးရုံ သို့တင်ပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် တွင်းအတွင်းသို့ ၁၈း၁၅နာရီ အချိန်မှစ၍ လေပို့လွှတ်ထားရှိပြီး တွင်းအနက် ပေ(၂၅၀) ခန့်တွင် ပိတ်ဆို့မှုဖြစ်နေကာ မြေအခြေအနေနှင့် တွင်းအနေအထားအား တိုင်းတာလျက်ရှိပြီး တာဝန်ရှိသူတို့မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၁း၁၅ နာရီ အချိန် တွင် ကျောက်မီးသွေးတွင်း၌ ပိတ်မိနေသည့် အလုပ်သမား(၂)ဦး၏ အလောင်းအား ဖော်ယူရရှိခဲ့ပြီး တွင်းထဲတွင်ပိတ်မိနေသည့် ၄ဦးတို့အား ကယ်ဆယ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.