Environment, Disasters & Accidents
မန္တလေးတိုင်းဒေသကြီး တကောင်းမြို့ ၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး တကောင်းမြို့ ၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါငလျင် သည် ၂၀၁၉ ခုနှစ် ၊ မေလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၃)နာရီ (၄၈)မိနစ် (၂၃) စက္ကန့်အချိန်တွင် အနက် (၅) ကီလိုမီတာ ခန့်ကို ဗဟိုပြု၍လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
အဆိုပါငလျင် နှင့် ပတ်သက်ပြီး သတိပြုမိသူမရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူက ဆင်ဟွာကိုပြောသည်။ (Xinhua)