Environment, Disasters & Accidents
မန္တလေးမြို့၌ အဲယားကွန်းအပူလွန်ကဲရာမှ မီးလောင်ကျွမ်းကာ ကျပ် ၁၅သိန်းကျော် ဆုံးရှုံး
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် (၇၃)လမ်း (၇၄)လမ်း ကြား၊ (၃၄)လမ်းရှိ ရွှေအိုး(၂)ဒိန်ချဉ်နှင့် မုန့်တီဆိုင်မှ အဲယားကွန်းအပူလွန်ကဲရာမှ အောက်တိုဘာ ၅ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ရာ ကျပ် ၁၅သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးထံမှ သိရသည်။
ယင်း မီးလောင်မှုသည် နံနက် ၉နာရီခွဲတွင် စတင်လောင်ကျွမ်းခဲ့ပြီး အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် မနက်(၉)နာရီ (၄၅)မိနစ်မှာ မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ၃၅ပေ × ၅၄ ပေ ×၁၂ ပေ ရှိ တစ်ထပ်တိုက် သွပ်မိုး၊ ပျဉ်ကာ ဆိုင်ခန်း (၁)ခန်းနှင့် ဆိုင်သုံးပစ္စည်း အချို့မီးလောင်ကျွမ်းခဲ့ပြီး မီးပေါ့ဆစွာ အသုံးပြုခဲ့သည့် ဆိုင်တာဝန်ခံ ဦးဇော်မျိုးသိန်းအား ပြစ်မှုပုဒ်မ ၂၈၅ဖြင့် ချမ်အေးသာစံမြို့နယ် အမှတ်(၈) မြို့မရဲစခန်းမှ အရေးယူဆောင်ရွက် လျက် ရှိသည်။(Xinhua)