Connect with us

Environment, Disasters & Accidents

ရန်ကုန် နှင့် မန္တလေးတို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု စက်တင်ဘာလ အတွင်း အများဆုံး ဖြစ်ပြီး သေဆုံး/ဒဏ်ရာ ရရှိသူ များပြား

ရန်ကုန်မြို့ တွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ- Yangon Traffic Police )

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး တို့တွင် စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများ အနက် ရန်ကုန် နှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု အများဆုံး ဖြစ်သကဲ့သို့သေဆုံးသူ ဦးရေမှာလည်း တခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များထက် ပိုမို များပြားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ယာဉ်မတော်တဆ ဖြစ်ပွားမှုများ အနက် စက်တင်ဘာလ အတွင်း ရန်ကုန် တိုင်းဒေသကြီးတွင် ၂၁၄ မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄၇ ဦး ရှိ၍ ဒဏ်ရာ ရရှိသူ ၂၆၃ ဦး ရှိပြီး မန္တလေး တိုင်းဒေသကြီးတွင် ၁၈၁ မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၅၆ ဦး ရှိ၍ ဒဏ်ရာ ရရှိသူ ၂၄၈ ဦး ရှိကြောင်း စာရင်းဇယားများအရ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုမှာ စက်တင်ဘာလ အတွင်း ၁၂၆၇ မှု ရှိပြီး သေဆုံးသူ ၃၁၂ ဦး ၊ ဒဏ်ရာ ရရှိသူ ၁၈၂၄ ဦး ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.