Environment, Disasters & Accidents
မန္တလေးမြို့ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် သြစတြေးလျနိုင်ငံမှ ယူရိုနှစ်သန်း ကူညီမည်
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်အတွက် သြစတြေးလျနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရိုနှစ်သန်းကို ထောက်ပံ့မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနထံမှ သိရသည်။
အဆိုပါ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်အတွက် သြစတြေးလျနိုင်ငံအနေဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနကို အတိုးမဲ့ချေးငွေအဖြစ် သြဂုတ်လ အတွင်းက ယူရို ရှစ်သန်း ပေးအပ်ထားကြောင်း၊ ရန်ကုန်ယာဉ်ကြော ရှင်းလင်းရေးအတွက် ခြောက်သန်း၊ မန္တလေးအတွက် နှစ်သန်း ထပ်မံပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သြစတြေးလျနိုင်ငံမှ လက်ရှိထောက်ပံ့မည့် ချေးငွေများကို လာမည့် ၁ဝ နှစ်နောက်ပိုင်းမှသာ အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ် ရမည်ဖြစ်သည်။
ယင်းချေးငွေအကူအညီဖြင့် မန္တလေးအတွက် ခရီးသည်တင် ဘတ်စ်ကားများမှာ ရန်ကုန်တွင် ပြေးဆွဲနေသော ဘတ်စ်ကားများထက် အနည်း ငယ်သေးသော ကားများကို တင်သွင်းကာ ပြေးဆွဲမည်ဖြစ်သည်။(Xinhua)