Connect with us

Environment, Disasters & Accidents

လမ်းစည်းကမ်းချိုးဖောက်ယာဉ်များကို ဒဏ်ငွေနှစ်ဆတိုးမြှင့်ကောက်ခံပြီး စက်တင်ဘာလအတွင်း အမှုပေါင်း ၅၂၈၇ မှု ဖမ်းဆီးအရေးယူနိုင်ဟုဆို

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့နေမှုအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

လမ်းစည်းကမ်းချိုးဖောက်သော မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ ဒဏ်ကြေးငွေများ နှစ်ဆတိုးမြှင့်ဒဏ် ရိုက်ကောက်ခံခဲ့ရာ စက်တင်ဘာလအတွင်း အမှုပေါင်း ၅၂၈၇မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုးမြှင့်ကောက်ခံရာ၌ ငွေကျပ်နှစ်သောင်းရိုက်သောအမှုများမှာ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ လမ်းပိတ်ရပ်ခြင်း၊ ဖြူနီကြားရပ်ခြင်း၊ မဝင်ရလမ်းများတွင်ရပ်နားခြင်း၊ စက်ပျက်စဉ် လမ်းဘေး၌ ရပ်ရမည် ကိုမရပ်ခြင်း၊ ဘေးတံခါးဖွင့်ခြင်းစသော အမှုများဖြစ်သည်။

ငွေကျပ်ငါးသောင်းရိုက်သောအမှုမှာ သတ်မှတ်ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ခြင်းမဟုတ်ခြင်း၊ ယာဉ်မောင်းလိုင်စင်မပါခြင်းစသော အမှုများဖြစ်ပြီး ယင်းအမှုကို ယခင်ကတရားသူကြီး၏ ဆင်ခြင်တုံတရားအရ ငွေကျပ်ငါးသောင်းရိုက်မည့် အစား ငွေကျပ်နှစ်သောင်းသာရိုက်ခဲ့ပြီး ယခုအခါ ငွေကျပ်လေးသောင်းအထိ တိုးမြှင့်ဒဏ်ရိုက်လျက်ရှိသည်။

ငွေကျပ်တစ်သိန်းရိုက်သော အမှုမှာသတ်မှတ်ချက်နှင့်အညီ နံပါတ်ပြားတပ်ဆင် မှုမရှိခြင်း၊ နံပါတ်ပြားထင်ရှားမှုမရှိခြင်း၊ နံပါတ်ပြားကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ထားခြင်းတို့ဖြစ်ပြီး ယင်းကဲ့သို့ ပြုလုပ်မောင်းနှင်သော ယာဉ်များအား ဥပဒေတွင် ငွေကျပ်တစ်သိန်းသတ်မှတ်ထားသော်လည်း တရားသူကြီး၏ ဆင်ခြင်တုံ တရားအရ ငွေကျပ်သုံးသောင်းခန့်သာ ဒဏ်ရိုက်စေခဲ့ရာမှ ယခုအခါ ငွေ ကျပ်ခြောက်သောင်းအထိ တိုးမြှင့်ဒဏ်ရိုက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့နှင့် ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သော မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ ဒဏ်ကြေးငွေများ တိုးမြှင့်ဒဏ် ရိုက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.