Connect with us

Environment, Disasters & Accidents

မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကွန်ကရစ် တံတား တစ်စီး မြေကျွံမှုဖြစ်ပွား

မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးတံတားမြေကျွံမှုအားပြုပြင်နေစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာလ ၁ရက် နံနက်အစောပိုင်း ၁နာရီ ၃၀ မိနစ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၇၁၁/၃၁၄ ကြားတွင် မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် တောင်ကမ်ပါးယံပြိုကျမှုများ ၄နေရာခန့် ဖြစ်ပွားပြီး ၇၁၁ ကီလိုမီတာ အနီးတွင် လမ်းပိတ်ဆို့မှု ခေတ္တဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ခရီးသွားလာခြင်း ကြန့်ကြာမှုမရှိစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ လမ်းဦးစီးမှူး ဦးတင်မိုးနှင့်ဝန်ထမ်းများ၊ အမှတ်(၅၇၀)တပ်ရင်းမှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် တပ်ဖွဲ့ ဝင်များ၊ စုစုပေါင်း အင်အား(၇၀)ဦးခန့်က စက်ယန္တရားများဖြင့် ဝိုင်းဝန်း ရှင်းလင်း ဖယ်ရှားကြပြီး နံနက် ၈နာရီ ၃၀ မိနစ် တွင် ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၉နာရီ ၄၅မိနစ်ခန့်တွင် မိုင်းဖြတ်-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမပေါ်တွင် အရှည် ၃၀ပေ၊ အကျယ်၃၄ပေရှိ ကွန်ကရစ်တံတားမှာ လမ်းမြေကျွံမှုဖြစ်ပွားပြီး ခရီးသွားယာဉ်များ သွားလာနိုင်မှု မရှိဘဲ လမ်းပိတ်ဆို့မှု ဖြစ်ပွားလျက်ရှိကြောင်း၊ ကွန်ကရစ်တံတားလမ်းမြေကျွံမှုကြောင့် ခရီးသွားယာဉ်များ သွားလာနိုင်ရေး အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ ဦးတင်မိုးနှင့် ဝန်ထမ်းများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.