Environment, Disasters & Accidents
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်း-ဘုတ်ပြင်းလမ်းပေါ် ရေကျော်မှု ဖြစ်ပွား
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပြည်ထောင်စု လမ်းမကြီး၏ ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း မလိဝမ်းကျေးရွာအထွက်တွင် ကားလမ်းမပေါ် ရေလျှံ ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါလမ်းပိုင်း၏ ဝဲဘက်တွင် တောင်ကုန်းတောင်တန်းများပေါ်မှ မိုးသည်းထန်သဖြင့် စီးဆင်းလာသည့် ရေများ နှင့်အတူ အမှိုက်များ ပါရှိလာပြီး လမ်းဖြတ်ရေပြွန် ပိတ်ဆို့မှုဖြစ်ကာ ပြည်ထောင်စုလမ်းမကြီးပေါ် ရေလျှံ ရေကျော် သဖြင့် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ရပ်နားထားခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)