Environment, Disasters & Accidents
မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၃)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၃)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၁၈)မိနစ် (၀၁)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)