Connect with us

Environment, Disasters & Accidents

မြစ်ရေမြင့်တက်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် ရေယာဉ်အချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ဇွန်လပထမ (၁၀) ရက်ပတ်နှင့် ဇွန်လအတွင်း ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းဖြစ်ရေ မြင့်တက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ဇွန်လ ပထမ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့ တို့တွင် ၈-ပေမှ ၁၀-ပေခန့် ၊သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၅ပေမှ ၇-ပေခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့် မြင့်တက်လာနိုင် ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဇွန်လ ပထမ ၁၀ ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့ တို့တွင် ၈-ပေမှ ၁၁-ပေခန့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၅-ပေမှ ၇-ပေခန့် မြင့်တက်လာ နိုင်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့ တို့တွင် ၁၃-ပေမှ ၁၅-ပေခန့် ၊သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၁၀-ပေမှ ၁၂-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၇-ပေမှ ၉-ပေခန့် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်းရေမှတ် အသီးသီးသို့ ရောက်ရှိနိုင်ခြင်း မရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့ တို့တွင် ၁၄-ပေမှ ၁၆-ပေခန့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၉-ပေမှ ၁၃-ပေခန့် မြင့်တက်လာနိုင် သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.