Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

မြန်မာ့ကမ်းရိုးတန်း နှင့် (၅၆)မိုင်ခန့် ကွာဝေးသောနေရာတွင် အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား - Xinhua News Agency
Connect with us

Environment, Disasters & Accidents

မြန်မာ့ကမ်းရိုးတန်း နှင့် (၅၆)မိုင်ခန့် ကွာဝေးသောနေရာတွင် အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာ့ကမ်းရိုးတမ်း နှင့် (၅၆)မိုင်ခန့် ကွာဝေးသော မြောက်လတ္တီတွဒ် ၁၆.၀၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၆ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၀)မိနစ်၊ (၁၀)စက္ကန့် အချိန်တွင်လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)