Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မြေပြိုကျ၍ ၁ ဦး ဒဏ်ရာရ၊ ၁ ဦး ပျောက်ဆုံးနေမှုဖြစ်ပွား

ဖားကန့်မြို့နယ်အတွင်းရှိ စွန့်ပစ်မြေစာပုံတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မြေပြိုကျ၍ ၁ ဦး ဒဏ်ရာရ၊ ၁ ဦး ပျောက်ဆုံးနေမှုဖြစ်ပွားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ ၀၉း၁၅နာရီ အချိန် ဖားကန့်မြို့နယ် မော်ဝမ်းလေးကျေးရွာအနီး နဂါးကိုးကောင်ကုမ္ပဏီ (ပုဂ္ဂလိက)ဝင်းအတွင်း အနက် ပေ ၄၀၀ ခန့်ရှိ လုပ်ကွက်ဟောင်း ရေအိုင်ချောက်၌ စိုးမြင့်ဝင်း(၃၂)နှစ်နှင့် ထွန်းထွန်းကျော်(ခ)ဘုန်းကြီး (၄၆)နှစ်တို့ မောင်းနှင်သည့် ကုမ္ပဏီပိုင် CNO Truck ၁၀ ဘီး မြေသယ်ယာဉ် ၂ စီး သည် မြေစာများအား ကားဖင်ထိုး၍ သွန်နေစဉ် ရုတ်တရက် အကျယ် ၁၀၀ ပေခန့် မြေသားပဲ့ကျပြီး မော်တော်ယာဉ် ၂ စီးနှင့်အတူ ယာဉ်မောင်း ၂ ဦးပါ ချောက်အတွင်း ပြုတ်ကျနစ်မြုပ်သွားခဲ့ပြီး ထွန်းထွန်းကျော်(ခ)ဘုန်းကြီးမှာ ညာလက်မောင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ဖြင့် ပြန်ပေါ်လာပြီး စိုးမြတ်ဝင်းမှာ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၀၉း၃၀နာရီ အချိန်တွင် ထွန်းထွန်းကျော်(ခ)ဘုန်းကြီးအား ဖားကန့်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်းနှင့် ပျောက်ဆုံး နေသူအား ရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.