Environment, Disasters & Accidents
မြိတ်ခရိုင်တွင် ၂၀၁၆ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ်သိန်းပေါင်း ၁၃၀၀ကျော် ဆုံးရှုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ၂ဝ၁၆ ခုနှစ်တွင် မီးလောင်ကျွမ်းမှု၄၂ ကြိမ်ဖြစ် ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၀၀ကျော်ရှိကြောင်း မြိတ်ခရိုင်မီးသတ် ဦးစီးဌာနထံမှ သိရသည်။
၂ဝ၁၆ခုနှစ် မီးလောင်ကျွမ်းမှုများ၌ မြိတ်မြို့နယ်တွင် ၂၆ ကြိမ် ဖြစ် ပွားပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၃၉၃၈၃၂ဝဝ၊ ကျွန်းစုမြို့နယ်တွင် မီးလောင်ကျွမ်းမှု ငါးကြိမ် ဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၃၅၆ဝ၂၅ဝ၊ ပုလောမြို့နယ်တွင် မီးလောင်ကျွမ်းမှု ခြောက်ကြိမ်ဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆ဝ၅၇၂၅ဝဝ၊ တနင်္သာရီမြို့နယ်တွင် မီးလောင်ကျွမ်းမှု ငါးကြိမ်ဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ်၂၆၈ဝ၂ဝ၅ဝ ဖြစ်ပြီး စုစုပေါင်း မီး လောင်မှု ၄၂ ကြိမ် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၃ဝ၃၁၈ဝဝဝရှိကြောင်း သိရသည်။
မီးလောင်မှုများတွင် ဝါယာရှော့ခ်မီးလောင်မှုပိုများပြားကြောင်း သိရသည်။(Xinhua)