Environment, Disasters & Accidents
မြို့၅မြို့တွင် ဇန်နဝါရီလ၏ ၂၄ နာရီအတွင်းရွာသွန်းခဲ့သော မိုးရေချိန်စံချိန်သစ်တင်

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၉း၃၀)နာရီအချိန် တိုင်းထွာချက်များအရ နမ့်စန်၊ တောင်ကြီး၊တပ်ကုန်း၊ ဟဲဟိုး၊ အောင်လံမြို့များ တွင် ဇန်နဝါရီလ၏ (၂၄)နာရီ အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်များကစံချိန်သစ်တင်အောင် ရွာသွန်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
နမ့်စန်မြို့တွင် မိုးရေစံချိန်ဟောင်း ၁.၆၉ လက်မ၊ စံချိန်သစ် ၂.၃၂ လက်မ၊ တောင်ကြီးမြို့တွင် မိုးရေစံချိန်ဟောင်း ၁.၂၂လက်မ၊ စံချိန်သစ် ၂.၂၀ လက်မ ၊ တပ်ကုန်းမြို့တွင် မိုးရေစံချိန်ဟောင်း ဝ.၉၈ လက်မ၊ စံချိန်သစ် ၁.၂၂ လက်မ ၊ ဟဲဟိုးမြို့တွင် မိုးရေစံချိန်ဟောင်း ဝ.၉၄ လက်မ၊ စံချိန်သစ် ဝ.၉၈ လက်မ ၊ အောင်လံမြို့တွင် မိုးရေစံချိန်ဟောင်း ဝ.၈၇လက်မ၊ စံချိန်သစ် ဝ.၉၄လက်မ စံချိန်သစ်တင် ရွာသွန်းခဲ့ကြောင်း သိရသည်။ (Xinhua)