Environment, Disasters & Accidents
မြောက်ဦးမြို့နယ်တွင် မိုရာတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတချို့ဖြစ်ပေါ်
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အသီးသီးနှင့် ကျေးရွာအသီးသီး၌ ၂၀၁၇ ခုနှစ် မေလ (၃၀) ရက်နေ့ နံနက်(၁) နာရီ အချိန်က ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ဝင်ရောက်တိုက်ခတ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ဝင်ရောက်တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၅) ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ(၄)လုံး ၊ စာသင်ကျောင်း(၅)ဆောင်၊ လူနေအိမ် (၂၀)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)