Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း “မိုရာ’’ တိုက်ခတ်ခြင်းခံရသည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆောင်ရွက်လျက်ရှိ

မိုရာတိုက်ခတ်ခြင်းခံရသည့်ဒေသတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံကြက်ခြေနီအသင်း)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ’’ တိုက်ခတ်ခြင်းခံရသည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ)၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူမြို့များရှိ ဂိုဒေါင်များမှ ကယ်ဆယ်ရေးပစ္စည်း ပြန်လည်စီစစ်ခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဖွဲ့စည်း ကာ ထိခိုက်ပျက်စီးမှုများဖြစ်ပွားရာဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအား အလျှင်အမြန်သွားရောက် ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစတင်၍ ရခိုင်ကမ်းရိုးတန်းဒေသအနီးမှ ရွေ့လျားတိုက်ခတ်လျက်ရှိ သော ဆိုင်ကလုန်း “မိုရာ” ကြောင့် ဘေးဒဏ်သင့်ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီးဖြစ်ကြောင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၂) အဖြစ် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသ စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ ကြားကို ဦးတည်ဖြတ်ကျော်တိုက်ခတ်နေသော ဆိုင်ကလုန်း “မိုရာ” ကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ မောင်တောခရိုင် နှင့် စစ်တွေခရိုင်များတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်နှုန်းဖြင့် တိုက်ခတ်လျက်ရှိရာ မြန်မာ့ကမ်းရိုး တန်းဒေသနှင့် ကမ်းလွန်ပင်လယ်ပြင်တစ်လျှောက် မိုးသက်လေပြင်းများ ကျရောက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂလားပင်လယ်ဒေသအတွင်း မုန်တိုင်းငယ်အဆင့်ဖြစ်ပေါ်စဉ်ကတည်းက မုန်တိုင်းအခြေအနေကို အချိန် ပြည့်စောင့်ကြည့်လေ့လာလျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်(ရုံးခွဲ)၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးဌာန (EOC) အဖွဲ့သည် အမျိုးသားအဆင့်အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုဌာန၊ မိုးလေ၀ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့် အနီးကပ်ညှိနှိုင်းဆွေးနွေးကာ မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကွန်ရက်မီဒီယာ များမှတစ်ဆင့် မုန်တိုင်းအခြေအနေများကို နေ့စဉ်အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်မှုများ ပြုလုပ်ပေးလျက်ရှိသလို သက်ဆိုင်ရာ မုန်တိုင်းလမ်းကြောင်းတစ်လျှောက်ရှိ ခရိုင်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် ချိတ်ဆက်ကာ မုန်တိုင်း အခြေအနေများကို ကြိုတင်သတိပေးမှုများ ပြုလုပ်နေသည့်အပြင် မြေပြင်အခြေအနေများကိုလည်းလေ့လာစုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

(EOC)ဌာနသည် ဆိုင်ကလုန်း “မိုရာ” သက်ရောက်ရာဒေသအတွင်း ကျောက်တော်၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ စစ်တွေ၊ မာန်အောင်မြို့များရှိ ကြက်ခြေနီအသင်း ခွဲများနှင့် ချိတ်ဆက်ကာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အသေးစိတ်စာရင်းကောက်ခံလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.