Environment, Disasters & Accidents
မြောင်းမြ မြို့နယ်၌ ဆင်တစ်ကောင်က အစွယ်ဖြင့် ထိုးခဲ့သောကြောင့် လူတစ်ဦး သေဆုံး

ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)
ဧရာဝတီ တိုင်းဒေသကြီး ၊ မြောင်းမြ မြို့နယ်၌ သံကြိုးဖြင့် ချည်နှောင်ထားသော ဆင်တစ်ကောင်က အစွယ်ဖြင့် ထိုးခဲ့သောကြောင့် လူ ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာ ဘောလုံးကွင်းဘေး၌ မတ် ၈ ရက် ၊ နေ့လည်ပိုင်း အချိန်တွင် အောင်ပင် လယ် ဆပ်ကပ်အဖွဲ့မှ ဆင်ဦးစီးသည် ဘောလုံးကွင်းအနီး အိပ်နေပြီး မိုးငြိမ်းအမည်ရှိ အနက်ရောင် ဆင်ထီး အား ဘောလုံးကွင်းဘေး ဝါးရုံပင်တွင် သံကြိုးဖြင့် ချည်နှောင်ထားစဉ် ဝါးရုံပင်အနီး လမ်းလျှောက်လာသည့် အမြင်အာရုံ ဝေဝါးသူ တစ်ဦးအား ဆင်မှ နှာမောင်းဖြင့် ရစ်ပတ်ကာ အစွယ်ဖြင့်ထိုးခဲ့သောကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဆင်ဦးစီး ဖြစ်သူအား မြောင်းမြမြို့မရဲစခန်း (ပ)၃၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)