Connect with us

Environment, Disasters & Accidents

ဇာတ်အဖွဲ့ကားချောက်ထဲကျ ပြီး၄ ဦး သေဆုံး ၁၂ ဦးဒဏ်ရာရ

မင်းမင်းဦး ဇာတ်အဖွဲ့ကားချောက်ထဲကျမှုအား ကယ်ဆယ်ရေးပြုလုပ်နေစဉ်(ဓာတ်ပုံ- သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ် ဒုဋ္ဌဝတီတံတားမှ မိုင် ၄၀ ခန့်အကွာအဝေးတွင်မတ်လ ၉ ရက်မွန်းလွဲပိုင်းက မင်းမင်းဦးဇာတ်အဖွဲ့ကား တိမ်းမှောက်ပြီး လူ ၄ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် နောက်ပိုင်းမင်းသားတစ်ဦး ၊လျှပ်စစ်မီးသမားတစ်ဦး ၊မင်းသမီး မြဆန်းရင်(သဲအင်း)နှင့် ဆိုင်းဆရာ စိန်ဌေးဝင်း တို့လေးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိမှုများပြား ကြာင်းသဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)ထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူအများအပြားသည် စိုးရိမ်ရပြီး နောင်ချိုဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.