Environment, Disasters & Accidents
ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာန မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းရှိ ကင်ဆာဌာန၌ ယနေ့ ညနေ ၆နာရီ ၄၃မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သတင်းရရှိသည်။
“အဆောင်ခေါင်မိုးပေါ်ကနေ အမိုးတွေလှန်ပြီး မီးငြိမ်းနေပါတယ်၊လက်ရှိ မီးတောက်အများကြီးမရှိတော့ပါဘူး။မီးခိုးတွေကို ခုငြိမ်းသတ်နေပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းမီးလောင်မှုဖြစ်ပွားသောအဆောင်ရှိ လူနာများကို ယာယီရွှေ့ပြောင်းပေးထားခဲ့ရကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာန မီးလောင်မှုကို မီးသတ် သမားများ ငြိမ်းသတ်နေစဉ် (ဆင်ဟွာ)

အဆိုပါ မီးလောင်မှုကို မီးသတ်ဦးစီးဌာနက level 2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၇နာရီ ၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇နာရီ ၁၀မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)