Environment, Disasters & Accidents
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌စက်လှေတိမ်းမှောက်၍ အမျိုးသမီး ၆ ဦး သေဆုံးမှုဖြစ်ပွား

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မတ်လ ၁၆ ရက်နံနက်ဝရး၀၀ နာရီတွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီး ၆ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ၂၀၁၉ခုနှစ်၊ မတ်လ ၁၆ ရက် နံနက် ဝရး၀၀နာရီ တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ သာရဝေါကျေးရွာအနီး ဧရာဝတီမြစ်အလယ်၌ သာရဝေါကျေးရွာမှ ပေ ၁၅၀ ခန့်အကွာ ဓါတ်ဆီသောင် မြေနုကျွန်းသို့ ၎င်းကျေးရွာနေ ဦးမြအုန်း (၆၀)နှစ်မောင်းနှင်ပြီး ပဲ/ပြောင်း စိုက်ပျိုးရေးအလုပ်သမား မဝါဝါဌေး(၂၂)နှစ် စာပေစုကျေးရွာ ဓနုဖြူမြို့နယ်နေသူပါ ၂၅ ဦး(ကျား ၁၀၊ မ ၁၅) အပါအဝင်လူပေါင်း ၂၆ ဦး လိုက်ပါလာသော ဝါးများဖြင့် ဇက်ရေယာဉ်အသွင်ပြုလုပ်ထားသည့် (၁၈)ပေခန့် စက်လှေ ၂ စီးတွဲ သည် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
စက်လှေတိမ်းမှောက်မှု အား ရှာဖွေခဲ့ရာ မဝါဝါဌေးပါမ ၆ ဦးအား မြစ်အတွင်းသေဆုံးလျက်တွေ့ရှိခဲ့ပြီး မစန်းစန်းဝင်း(၃၇)နှစ် သာရဝေါကျေးရွာနေသူပါ ၂၀ ဦး(ကျား ၁၁၊ မ ၉)မှာ အသက်ရှင်လျက် ကူးခတ်/ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ၁၁း၄၅နာရီ တွင် ဦးမြအုန်း(၆၀)နှစ်အား အဖျောက်နယ်မြေရဲစခန်း(ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၈၀(ပေါ့လျော့မှုကြောင့် လူသေမှု/ ရေယာဉ်အား အရမ်းဦးစီးသွား လာမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)