Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် အောင်ပန်းမြို့၌ ယာဉ်တိုက်မှု ဖြစ်ပွားကာ လူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရရှိ

ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)

ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အနီးတွင် မတ် ၁၃ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်(၇၈/၂-၃)ကြား၌ ကလောမှ အောင်ပန်းသို့ မောင်းနှင်လာသည့် ၆ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ အောင်ပန်းမှ ကလောသို့ မောင်းနှင်လာသည့် ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ကလောမှ အောင်ပန်းသို့ မောင်းနှင်လာသည့် ၆ ဘီးယာဉ်မောင်းနှင်သူကို အောင်ပန်းနယ်မြေရဲစခန်းမှ အရေးယူ ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.