Environment, Disasters & Accidents
ရန်ကုန်ပြည်သူ့ဆေးရုံကြီး မီးလောင်မှု ဆေးရုံ၏ လျှပ်စစ်ဌာနမှ ဝန်ထမ်းကို အမှုဖွင့်စစ်ဆေး
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး သြဂုတ်လ ၁၃ ရက်နေ့ ၁၈း၄၅ အချိန်တွင် မီးလောင်မှုကြောင့် ဆေးရုံ၏ လျှပ်စစ်ဌာနမှ ဝန်ထမ်းတစ်ဦးကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာန(သားအိမ်ကင်ဆာဆောင်)အား ဓာတ်အားပေးသော လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်၍ မျက်နှာကျက်များမီးလောင်ကျွမ်းခဲ့ပြီး ၁၉း၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး လျှပ်စစ်ဌာနမှ ရဲသီဟကျော်(၃၄)နှစ်အား လသာမြို့မရဲစခန်း(ပ)၂၃၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)