Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၈ လတာ အတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၆၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၅ ဦးရှိ

အမြန်လမ်းမကြီး၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ် တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon-Mandalay Expressway)

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လကုန်အထိ ၈ လတာ အတွင်း ယာဉ် မတော်တဆမှု ပေါင်း ၃၆၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၅ ဦး နှင့် ဒဏ်ရာ ရရှိသူ ၅၈၃ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်း အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှု ၄ဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကိုးဦး ရှိကာ ဒဏ်ရာရရှိသူ ၂၇ ဦး ရှိခဲ့ကြောင်း သိရသည်။ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ဖြစ်ပွားမှု လျော့နည်း ပပျောက်ရန် အဘက်ဘက်မှ ပညာပေး ဆောင်ရွက် နေသော် လည်း ယာဉ်မောင်းသူများ၏ မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်မှုကြောင့် လည်းကောင်း၊ လမ်းကြောင့် လည်းကောင်း၊ ရာသီ ဥတုကြောင့် လည်းကောင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ကြောင့်လည်းကောင်း၊ အမြန်လမ်းမကြီးပေါ် တက်ရောက်ခွင့်မရှိသည့် အနှေးယာဉ်များကြောင့် လည်းကောင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.