Environment, Disasters & Accidents
ရှမ်းပြည်နယ် သီပေါ မြို့ နှင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့တို့ တွင်အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် သီပေါ မြို့ နှင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့တို့ တွင်အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်သီပေါမြို့တွင် နှစ်ပေါင်း၅၃ နှစ်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်း ၅.ဝဒီဂရီစင်တီဂရိတ်မှ ၄.၄ ဒီဂရီစင်တီဂရိတ်သို့ အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့တွင် နှစ်ပေါင်း ၂၂ နှစ်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်း ၁၃.ဝဒီဂရီစင်တီဂရိတ်မှ ၁၂.၈ ဒီဂရီစင်တီဂရိတ်သို့ အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)