Environment, Disasters & Accidents
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းသော မုန်တိုင်းငယ်ဖြစ်လာနိုင်
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့ တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေ ကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ရောက်ရှိနိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။ (Xinhua)