Environment, Disasters & Accidents
လေယာဉ် ထွက်ခွာစဉ် ပြေးလမ်းရှိ ခိုငှက်အုပ်များကြောင့် လေယာဉ် အင်ဂျင် ထိခိုက်ပြီး ပြန်လည် ဆင်းသက်
ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ)
ဟဲဟိုးမှ ရန်ကုန်သို့ပျံသန်းသည့် မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်သည် လေယာဉ် ထွက်ခွာစဉ် ခိုငှက်အုပ်များကြောင့် လေယာဉ် အင်ဂျင် ထိခိုက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ဟဲဟိုး လေဆိပ်သို့ပြန်လည် ဆင်းသက်ခဲ့ရကြောင်း ယနေ့မေလ ၂၅ ရက်တွင် ယင်းလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ခဲ့သည်။
ခိုငှက်များကြောင့် ထိခိုက်မှု ဖြစ်ပေါ်ခဲ့သည့် လေယာဉ် အင်ဂျင်အား တွေ့ရစဉ် (ဓာတ်ပုံ- MNA)
ယနေ့၂ နာရီ ၄၅ မိနစ် အချိန်တွင် မြန်မာ အမျိုးသား လေကြောင်းလိုင်း၏ ဟဲဟိုးမှ ရန်ကုန်သို့ပျံသန်းသည့် ခရီးစဉ်တွင် လေယာဉ် ပြေးလမ်းပေါ်၌ လေယာဉ် ထွက်ခွာ (Take Off Roll) ပြုလုပ်စဉ် ခိုအုပ်များ ထပျံသည့် အတွက် လေယာဉ် ဘယ်ဘက် အင်ဂျင်မှာ ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်မှူးက ဟဲဟိုး လေဆိပ်သို့ပြန်လည် ဆင်းသက်ခဲ့ရကာ ခရီးသည်များ ရန်ကုန်သို့ပုံမှန် အတိုင်း ပြန်နိုင်ရေး အတွက် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)